မဆုမြတ်

အရမ်းကောင်းမွန်ပြည့်ဝတဲ့ Travel service လေးလို့ပြောချင်ပါတယ် ညီမသွားဖူးခဲ့တဲ့ Travel service တွေထဲမှာ ဒီဟာလေးက တော်တော်လေးကို အဆင်ပြေတယ် အခု ညီမသွားမည့် Jakarta ခရီးစဥ်အတွက် မသိနားမလည်တာတွေလဲ စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရှင်းပြပေးတယ် ညီမတို့ သွားခဲ့ရတဲ့ Jakartaရဲ့ ခရီးစဉ်မှာပါတဲ့ Air Ticket ရယ်, Tour Package လေးတွေရယ်, Hotel Booking လေးတွေရယ် ဆိုရင် ညီမစုံစမ်းကြည့်သမျှထဲမှာ တော်တော်လေး စျေးသက်သက်သာသာလေးရှိတယ် မြန်လဲမြန်တယ် ပြီးတော့ Booking ယူထားပေးတဲ့ Hotel တွေဆိုရင်လဲ အရမ်းသန့်ပြီး စျေးနှုန်းလဲသက်သာတယ် Service လဲအရမ်းကောင်းတယ် Guide အကြိုအပိုနဲ့ သွားရေးလာရေးကအစ အသေးစိတ် Remain လေးလဲလုပ်ပေးတာရယ် ခရီးတလျောက်မှာ စိတ်မပူဖို့ နွေးထွေးမှုလေးတွေပေးလို့ အရမ်းကို ကျေးဇူးအရမ်းတင်ပါတယ် နွေးထွေးမှုလေးတွေနဲ့ ဂရုစိုက်မှုလေးတွေကြောင့် လမ်းခရီးမှာလဲ အရမ်းကိုပျော်ခဲ့ရပါတယ်။

အန်တီစမ်း

မေး။ ။ အန်တီရေ့ ထိုင်းခရီးစဥ်လေးက အဆင်ပြေရဲ့လားခင်ဗျာ။
ဖြေ။ ။ အော်… အရမ်းကို အဆင်ပြေပါတယ်ကွယ်.. အရမ်းကို အဆင်ပြေပါတယ်။ စားလို့လည်းကောင်းတယ်.. လည်လို့လည်းကောင်းတယ်.. ထူခြားပြီး ထူးဆန်းတဲ့ နေရာလေးတွေလဲ ရောက်ခဲ့ရလို့ အတွေ့အကြုံ ဗဟုသုတတွေလဲ အများကြီးရခဲ့တာပေါ့နော်..
ပြောရမယ်ဆိုရင် Service fees နှုန်းထက် ရောက်ခဲ့ရတဲ့ နေရာတွေရော တွေ့ရှိခဲ့ရတဲ့ အထူးအဆန်းတွေရော အားလုံးအစစအရာရာ အရမ်းကိုအဆင်ပြေတဲ့အပြင် စျေးနှုန်းကလဲ သက်သာပြီး အစားအသောက်တွေနဲ့ Booking ယူပေးထားတဲ့ ဟိုတယ်တွေကလဲ အရမ်းကောင်း အရမ်းသန့်လို့ Nay & 4 ရဲ့ ထိုင်းနိုင်ငံ ခရီးစဥ်က အရမ်းကိုအဆင်ပြေပါတယ်ကွယ်။
နောက်ထပ် ခရီးစဥ်အသစ်လေးတွေလဲရှိရင် အန်တီကို အသိပေးပါဦးကွယ်..။

အန်တီသင်း

မေး။ ။ အန်တီရေ့ ဗီယက်နမ်ခရီးစဥ်လေးကို အဆင်ပြေလားခင်ဗျာ..။
ဖြေ။ ။ အရမ်းကို အဆင်ပြေပါတယ်.. ကျွန်မက အခု Nay & 4 နဲ့သွားနေတာပါ။ တစ်ယောက်တည်းသွားနေရပေမယ့် ခရီးစဥ်အစမှအဆုံး တစ်ဦးတစ်ယောက်ချင်းဆီကို ခရီးစဥ်တလျောက် Remain လုပ်ပေးတာလေးက ပီတိဖြစ်ရပါတယ်။
Dollar စျေးတွေ ကုန်စျေးနှုန်းတွေ မြင့်တက်နေချိန်မှာ Tour Package စျေးလေးကို သက်သက်သာသာလေးနဲ့စီစဥ်ပေးလို့ နှုန်းထားထက် နွေးထွေးမှုပြည့်ဝတဲ့ Service ကို ဦးစားပေးတဲ့ Nay & 4 ကို အရမ်းပဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်…
Tour Guide ကလဲ အရမ်းကိုအဆင်ပြေပါတယ် အရမ်းကိုဂရုလဲစိုက်ပါတယ်..။
အခု Nemi ကနေ ပြန်လာနေတာပါ Hanoi ကိုသွားပါမယ်၊ အဲ့ကနေမှတဆင့် Vietnam လေကြောင်းလိုင်းကိုစီးပြီး မြန်မာပြည်ကို ပြန်ပါမယ်ရှင်…

အန်တီသိမ့်

မေး။ ။ အန်တီရော ဗီယက်နမ်ခရီးစဥ်လေးက အဆင်ပြေရဲ့လားခင်ဗျာ။
ဖြေ။ ။ ဟုတ်ကဲ့ အရမ်းကို အဆင်ပြေပါတယ်ရှင့်.. Nay & 4 မှ Recommend ပေးတဲ့ Vietnam ခရီးစဥ်လေးကို ရွေးချယ်သွားခဲ့တာပါ။ ကျွန်မ အခု၊ ဒီ Nay & 4 နဲ့သွားခဲ့ရတဲ့ Vietnam ခရီးစဥ်လေးမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ အများကြီး ရရှိခဲ့ရပါတယ်.. ခရီးစဥ်အစမှ အဆုံးထိ အရမ်းကို ​အဆင်ပြေခဲ့ရပါတယ်… စုံစမ်းကြည့်သမျှထဲမှာ နွေးထွေးမှုပြည့်ဝတဲ့ Travel Service လေးပါ… ခရီးစဥ်ရဲ့ Detail တွေကို စိတ်ရှည်ရှည်နဲ့ စေတနာထားပြီး ရှင်းပြပေးတယ်.. ပြီးတော့.. ခရီးစဥ် Plan ထဲမှာပါရှိတဲ့ Air Ticket, Tour Package တွေရဲ့ စျေးနှုန်းတွေကလဲ သက်သက်သာသာလေးရှိတယ်… Booking ယူပေးထားတဲ့ Hotel တွေဆိုရင် အရမ်းသန့်ပြီး Service တွေက တော်တော်လေးကောင်းမွန်တယ်.. အစားအသောက်တွေလဲ အရမ်းကိုအရသာရှိတယ်။
တကယ်တမ်းပြောရရင်.. ကျွန်မဟာ အလုပ်ကိစ္စတွေနဲ့ Stress တွေပိပြီးတော့ စိတ်တွေညစ်နေတာပေါ့နော် အခု ဒီ Nay & 4မှ ရွေးချယ်ပေးတဲ့ Vietnam ခရီးစဥ်လေး လာတဲ့အချိန်မှာ လှပတဲ့ ရှုခင်းလေးတွေ တွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်မို့ အများကြီးလဲပျော်ရွှင်ခဲ့ရသလို Stressတွေလဲ ပြေပျောက်ခဲ့ရပါတယ်။
ဒါကြောင့် Nay & 4 ရဲ့ Vietnam ခရီးစဥ်လေးဟာ အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ကျွန်မအတွက် အရမ်းကို တန်ဖိုးရှိတဲ့ ခရီးစဥ်လေးတစ်ခုဖြစ်ခဲ့ရပါတယ်။
ပြီးတော့ Tour Leader ရဲ့စီစဥ်ပေးမှုကြောင့် အားလုံးအစစအရာရာ အရမ်းကိုအဆင်ပြေခဲ့လို့ အရမ်းကိုပျော်ရွှင်ခဲ့ရလို့ ကျေးဇူးတွေအများကြီးတင်ပါတယ်ရှင့်…
ဒီထက်မကလဲ အများကြီးအောင်မြင်စေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့်…
နောက်ထပ်ခရီးစဥ်တွေရှိရင် ကျွန်မကိုလဲ ခေါ်ပါဦး.. Nay & 4 နဲ့အတူ ထပ်သွားချင်ပါတယ်ရှင့်…

အန်ကယ်မောင်လွင်

မေး ။ ။ အန်ကယ်တို့ရော အဆင်ပြေရဲ့လားခင်ဗျာ..။
ဖြေ ။ ။ ပြေမှပြေ ပြေမှပြေ ဝါးလှေပေါ်မှာတောင် သီချင်းတွေအများကြီးဆိုပြီး အရမ်းကိုပျော်ခဲ့ရတာပေါ့ … အစားအသောက်တွေကလဲ အရမ်းကိုကောင်း အရမ်းကို အရသာရှိပေါ့.. ပြီးတော့… Nay & 4 ရဲ့ Service ကလဲကောင်း Tour Package တွေရော အစစအရာရာအားလုံးက စျေးကလဲ သက်သာ၊ Booking ယူပေးထားတဲ့ Hotel ကလဲ အရမ်းကိုအဆင်ပြေ၊ Hotel ကအရမ်းမိုက် အရမ်းသန့် ရှယ်ပဲ..
Nay & 4 ကို ကျေးဇူးလဲအရမ်းတင်တယ် နောက်တစ်ခေါက် ဒီလိုခရီးမျိုးရှိရင် အန်ကယ်ကိုလဲ ခေါ်ပါဦးလို့ ပြောချင်တယ်.. အန်ကယ်ထပ်သွားချင်တယ်..။ Nay & 4 နဲ့ဆို ဘယ်ခရီးပဲဖြစ်ဖြစ် သွားချင်တယ်.. အန်ကယ် တကယ်ကို့ ကျေးဇူးတင်တယ်…

ကိုသူရိန် + မရတီနွယ်

မေး ။ ။ အကိုနဲ့ အမကရော အဆင်ပြေရဲ့လားခင်ဗျာ..?
ဖြေ ။ ။ ဟုတ်ကဲ့ အရမ်းကို အဆင်ပြေပါတယ်ရှင့်.. အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်ရှင့်.. ညီမတို့ ဇနီးမောင်နှံက ဒါ ပထမဦးဆုံး ခရီးသွားရတဲ့ ခရီးစဥ်လေးပေါ့နော်.. Nay & 4 Travel Service နဲ့ ပထမဦးဆုံး ချိတ့်ဆက်ပြီး သွားခဲ့ရတာပါ.. တကယ်တမ်းပြောရရင် ညီမတို့ ၂ယောက်လုံးရဲ့ ဒီ Vietnam ခရီးစဥ်က ပထဦးဆုံး ခရီးစဥ်ဖြစ်လို့ ဒီလိုခရီးမျိုး တစ်ခါမှလဲမသွားဖူးတော့လေ.. ရင်ခုန်စိတ်လှုပ်ရှားနေမိတာ အမှန်ပဲပေါ့နော်…
ပြီးတော့… Service Fees ကလဲ အရမ်းလဲမများသလို ယူပေးထားတဲ့ Hotel Booking တွေ Flight Ticket တွေကအစ အစစအရာရာအဆင်ပြေပြီး Tour Package တွေဆိုရင်လဲ သက်သာတဲ့နှုန်းထားလေးနဲ့ စီစဥ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်… ခရီးစဥ်မှာလဲ အရမ်းကို အဆင်ပြေခဲ့ရပါတယ်။
Service တွေကလဲ ကောင်းမွန်ပြီး နွေးထွေးမှုလေးတွေရှိလို့.. Vietnam ကို စစရောက်တဲ့ချိန်မှာဆိုရင် နေရာထိုင်ခင်း အစားအသောက် ဟိုတယ်ကအစ အရမ်းကို အဆင်ပြေပြီး ပျော်ရွှင်ခဲ့ရပါတယ်။
ပြီးတော့.. ဂရုတစိုက် Remain လုပ်ပေးတာလေးရယ်… Tour Leader ရဲ့ သဘောထားပြည့်ဝမှုနဲ့ စေတနာထားရှိမှုတွေနဲ့အတူ Vietnam တို့ရဲ့ ရူမဝသဘာဝအလှတွေကြောင့် စိတ်ကြည်လင်လန်းဆန်းစေခဲ့ရပြီး အရမ်းကိုပျော်ခဲ့ရပါတယ်.. နွေးထွေးမှုပြည့်ဝတဲ့ Nay & 4 Travel & Tour Service လေးကို ကျေးဇူးအများကြီးတင်ပါတယ်။
ကောင်းမွန်ပြည့်ဝသည့် Service တွေနဲ့အတူ ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်…။
နောက်ထပ်ခရီးစဥ်တွေရှိရင် ကျွန်မကိုလဲ ခေါ်ပါဦး.. Nay & 4 နဲ့အတူ ထပ်သွားချင်ပါတယ်ရှင့်…
နောက်လဲသွားဖြစ်ခဲ့ရင် Remain လေးလုပ်ပေးပါဦးရှင့်…